Hello World
/ 1 min read
Swift နဲ့ မြန်မာလို Blog တစ်ခု စာလုပ်မယ် စဥ်းစားပြီးတော့ Astro နဲ့ ပဲစလုပ် လိုက်တော့တယ်။ ဒီ Blog ဟာ static site generate လုပ်ထားပြီးတော့ အများအားဖြင့် SwiftUI နဲ့ iOS နဲ့ ပတ်သက်တာတွေ ပဲ တင်သွားဖို့ စဥ်းစားထားပါတယ်။
print("Hello World")
လက်ရှိ blog ကတော့ Astro ကို သုံးပြီး ဆောက်ထားပါတယ်။ အစက NextJS သုံးဖို့ လုပ်ပေမယ့် blog အတွက် static site only မရတာနဲ့ astro ကို ပြောင်းသုံး ဖြစ်သွားတာ။ Astro မှာ Cactus Theme ကို သုံးထားပါတယ်။
Blog တစ်ခုလုံးကိုတော့ Github Page မှာတင်ထားပြီး Github Action နဲ့ ပဲ build လုပ်ထားတယ်။ တကယ် လုပ်ချင်သည့် ပုံစံကလည်း အခုလို markdown နဲ့ ရေးပြီး code ကို push တင်တာပဲ လုပ်ချင်တာ။ Wordpress လိုမျိုး ပြန်တည်ဆောက်ရမှာတွေ ကို မလုပ်ချင်တော့ဘူး။ အခု Theme လေးက လိုချင်သည့် ပုံစံအတိုင်း ရလို့ စိတ်ကျေနပ်မှု တော့ ဖြစ်သွားတာပဲ။
နောက်ပိုင်း iOS နဲ့ ပတ်သက်တာတွေ ပိုပြီး ရေးနိုင်အောင် ကြိုးစားပါမယ်။